Friday, March 30, 2007

စာအုပ်ထုတ်ဝေရေးနှင့် သတင်းဘလော့ဂ်အတွက် ကော်မတီများ ဖွဲ့စည်းခြင်း


စာအုပ်ထုတ်ဝေရေးအတွက် ကော်မတီအဖွဲ့ဝင်တွေ ဖွဲ့နေပါပြီ။ ဒီသတင်းဘလော့ဂ်အတွက် Volunteer တစ်ချို့ကိုလည်း စတင်ခန့်ထားနေပါပြီ။ စိတ်ဝင်စားသူများ ဆက်လက်လျှောက်ထားနိုင်ပါတယ်။ မကြာမီ သတင်းအပြည့်အစုံ ထုတ်ပြန်ပါမယ်။



Read More...

Thursday, March 29, 2007

ကြော်ငြာနဲ့ စာမူကဏ္ဍ

(ကျော်ဇေယျ)

ဒီစာအုပ်ကို..ထုတ်မယ်လို့စတင်ရည်ရွယ်ကတည်းက...“ကိုယ့်ဝန်ကိုယ့်ထမ်း” မယ်လို့..စတင်ရည်ရွယ်ထားပါတယ်..နောက်များမှ.. ကျွန်တော်တို့..စာအုပ်ဟာ.. Quality ဖြစ်လို့ လစဉ်လတိုင်းထုတ်ရတော့မယ်ဆိုရင်တော့ ကြော်ငြာများနဲ့ ရပ်တည်ဖို့ကိစ္စ ထပ်ပြီးစဉ်းစားကြရပါလိမ့်မယ်။

ဒါက နောက်တစ်ပိုင်းပါ။ ခုချိန်မှာ ကြော်ငြာထည့်သွင်းဖို့ အတွက် ကျွန်တော်တို့က စတင်ကမ်းလှမ်းတာမျိုးမဖြစ်စေချင်ပါဘူး။ အောင်မြင်လာတဲ့အခါကျမှ သူ့ဘာသာသူအထိုက်အလျောက် ဖြစ်လာမယ့်ကိစ္စများပါ။ လောလောဆယ်မှာတော့ ကျွန်တော်တို့စာအုပ်ကို ကျွန်တော်တို့ ရေးသားတဲ့စာများနဲ့သာ စတင်ထုတ်ဝေချင်ပါတယ်။

ကျနော်လဲအရင်တုန်းက ဒီကိစ္စကို ခဏခဏ ပြောခဲ့ဘူးပါတယ်။ ဘယ်လိုကဏ္ဍတွေနဲ့ ဝေဆာအောင်လုပ်မယ်လို့တိုင်ပင်ရမယ့် အချိန်ရောက်နေပါပြီ။ အဲဒီလိုတိုင်ပင်ဖို့အတွက် အဖွဲ့လေးတစ်ခုစတင်ဖွဲစည်းဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်ခင်ဗျာ....

Read More...

Fund နဲ့ တစ်ခြားထည့်သွင်းစဉ်းစားသင့်တဲ့ အချက်လေးတွေ


(ရန်အောင်)

ဘယ်လောက် စာမျက်နှာကို ဘယ်လို အရည်အသွေးမျိုးနဲ့ ရိုက်ရင် ဘယ်လောက်ကုန်ကျနိုင်မလဲဆိုတာကို သေသေချာချာ တွက်ချက်ကြည့်ဖို့ကလည်း အရေးကြီးပါတယ်။ စာမျက်နှာကို ကြည့်ပြီး စာမူကိုရွေးရမယ်ဆိုတာကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ အခန်းကဏ္ဍက ပါနေတယ်လေ။ ခုထိရလာတဲ့ စာမူတွေက ကောင်းတာလေးတွေ တော်တော်များပါတယ်။ အားလုံးကိုတော့ ထည့်ဖို့တော့ မဖြစ်ဘူးလေ။ ဟုတ်တယ် မဟုတ်လား။

ကြော်ငြာကရမယ့် ပိုက်ဆံအတွက် ကျွန်တော်တို့ရဲ့ စာအုပ်ကိစ္စကို နာမည်ကြီးအောင် လုပ်မှရတော့မယ်။ ခုလောလောဆယ် ဂျာနယ်တွေထဲ ထည့်ကြော်ငြာတာဆိုတော့ အဲဒီ့ objective ကိုတော့ ပြီးမြောက်သွားပါပြီ. ဒါပေမယ့် ဒါတွေကို handle လုပ်နိုင်ဖို့ နောက်တစ်ဆင့် အရေးကြီးလာပြန်ပြီလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ အဲဒီ့ အပေါ်မှာ သိပ်ပြီးတော့ မမျှော်လင့်စေချင်ဘူးဗျ။ ကိုယ့်ဘာသာကိုယ် ထုတ်ဝေနိုင်ဖို့အတွက် fund ကို လုံလုံလောက်လောက် ရှာဖို့ကိုပဲ ဦးစားပေးစဉ်းစားစေချင်ပါတယ်။ ကြော်ငြာကရတဲ့ ပိုက်ဆံက ကျွန်တော်တို့ရဲ့ main stream ကို အကူအညီ ပေးရုံ၊ ပိုပြီးတွန်းအားပေးရုံလောက်ပဲ ဖြစ်စေချင်ပါတယ်။

“အကောင်းဆုံးကို မျှော်လင့်ပါတယ်။ အဆိုးဆုံးကိုလည်း ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ပါပဲ” ဆိုသလိုပေါ့. ကြော်ငြာကရမယ့် Fund တွေက backup plan သဘောမျိုးပဲ ဖြစ်သင့်ပါတယ်။ main plan မဖြစ်သင့်ပါဘူး။ ဘာလို့လဲ.

ကျွန်တော်တို့မှာ အချိန်သိပ်မကျန်တော့လို့ပါ။ ကိုယ့်ဘာသာကိုယ် ရပ်နိုင်မှ အချိန်မှီမှာပါ။ တတ်နိုင်သလောက် Fund တွေ ထည့်ဝင်ဖို့ဆိုတာကို သဘောကျပါတယ်။ ဒီ Fund ကိစ္စကို သတင်းဘလော့ဂ်မှာ အကျယ်တ၀င့် ဆွေးနွေးသွားမယ်လို့ စဉ်းစားထားပါတယ်.

လောလောဆယ်မှာ ဘယ်သူပါ၊ ဘယ်ဝါပါဆိုတာထက် စာအုပ်ထုတ်ဝေရေးအတွက် သက်ဆိုင်ရာ အဖွဲ့တွေကို ခပ်သွက်သွက်လေးဖွဲ့လိုက်ရင်ကောင်းမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီ့အတွက်လည်း ကန့်ကွက်ကြမယ်လို့ မထင်မိဘူးဗျ။ ကျွန်တော် အရင်တုန်းကတော့ အကြမ်းဖျင်း ၃ ဖွဲ့ ဖွဲ့ပေးခဲ့ပြီးပါပြီ။ ခုအဲဒီ့ထက် ပိုပြီး ထိရောက်အောင် လုပ်ဖို့လိုလာပြီလို့ ကျွန်တော်ယူဆတယ်လေ။

အရင်တုန်းက စာမူကိစ္စ ခေါင်းစားခဲ့ကြတယ်။ ခုအဆင်ပြေနေပါပြီ။ လောလောဆယ် Fund ကိစ္စနဲ့ ဘယ်လိုစာမူတွေကို ဘယ်လို ကဏ္ဍတွေကနေ ထည့်မယ်ဆိုတာကို ၀ိုင်းဝန်းဆွေးနွေးရပါတော့မယ်။ ကျန်တာတွေကို ဖြည်းဖြည်းချင်း ဆက်လက် ဆွေးနွေးသွားပါမယ် ခင်ဗျာ..

Read More...

ဘယ်လိုစာမူတွေ ထပ်ထည့်သင့်သလဲ

(ရန်အောင်)

မင်္ဂလာသတင်းကောင်းပါ ကိုစိုးဇေယျ…
ခုလိုမျိုး ဖောင်ဖျက်ပြီး ကြိုးစားပန်းစားလုပ်ဖို့ ဆုံးဖြတ်လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ပါ။ Timeline သတ်မှတ်တာလည်း သိပ်ကိုကောင်းမွန်ပါတယ်
Fund ကိစ္စကို တတ်နိုင်လောက်ထည့်ဖို့ကိစ္စက တကယ်ကိုကောင်းပါတယ်။ ဒီနည်းအားဖြင့် ဘလော့ဂ်ဂါတွေကို ၀န်ထုပ်ဝန်ပိုးပေးရာ မကျတော့ဘူးပေါ့. တစ်ခုပဲစိတ်ပူစရာ ရှိတာပေါ့. ဘယ်လိုမျိုး support တွေရှာနိုင်မလဲ.

လုပ်ငန်းရှင်တွေကို စည်းရုံးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ စာမူဘလော့ဂ်ကိုပဲ ပြပြီး တစ်ရက်တစ်ရက် hit counter ဘယ်လောက်ရှိကြောင်း၊ ဘယ်လို စိတ်ဝင်စားမှုတွေ ရနေတဲ့ အကြောင်း၊ ဘလော့ဂ်ဂါတွေ ဘယ်လိုများပြားနေတဲ့ အကြောင်း၊ လူငယ်ထုထဲကို ဘယ်လိုပျံ့နှံ့စီးဝင် သွားနိုင်တဲ့ အကြောင်းတွေကို ကောင်းကောင်း နားဝင်အောင် ရှင်းပြဖို့လိုလာလိမ့်မယ်။ ဒီ့အတွက် ကျွန်တော်တို့ ပြင်ဆင်ဖို့လိုလာပါပြီ။ ပွဲကတော့ ရေချိန်မြင့်လာပြီဗျ.

ဒီတစ်ချီမှာ hit ဖြစ်သွားတာနဲ့ နောက်ထပ်လုပ်ဆောင်ရမယ့် အရာတွေအားလုံးကို အခက်အခဲ မရှိ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်ပုံနှိပ်ခြင်းအတွက် စိတ်မပူပါနဲ့. ဖြစ်လာပါလိမ့်မယ်။ လောလောဆယ်. ပထမပွဲဦးထွက်မှာ တာထွက်ကောင်းအောင် ပြင်ဆင်ကြဖို့ အရမ်းအရေးကြီးပါတယ်။

နည်းပညာပိုင်းမှာ ကိုမျိုးကျော်ထွန်း၊ ကိုဝေယံလင်း၊ ကိုဖိုးချမ်း( ကိုချမ်းမြစိုး)၊ ကိုကျော်ဇေယျ၊ ကိုမြတ်မင်းဟန်၊ ကိုမင်းကျော် တို့ဆီက reply ရပြီးပါပြီ. သူတို့ ကူညီမယ်လို့ ကတိပြုပါတယ်။

ရသပိုင်းမှာ ကိုညီညီသံလွင်က စာမူ တည်းဖြတ်ရွေးချယ်ရေးမှာ ကူညီအားဖြည့်ပေးပါမယ်. တစ်ခြားသော ယုံကြည်အားကိုးရလောက်မယ့် ဘလော့ဂ်ဂါများကို သိရင်လည်း စည်းရုံးပေးကြပါ။

ကဲ. ဘလော့ဂ်ဂါတို့ရေ. ဆက်လက်ကြိုးစားလိုက်ကြရအောင်လားဗျာ...

ကျောင်းတွေနဲ့ ပတ်သက်တဲ့ ပို့စ်တွေအတွက် Education corner မှာ ရှိနေတဲ့ ပို့စ်တစ်ချို့ကို ယူသုံးပါမယ်။ မလေးရှား၊ ယူကေ၊ ဩစတေးလျတို့မှာ ကျောင်းတက်နေတဲ့ (ဥပမာ၊ ကိုဖိုးချမ်း၊ မသဉ္ဖာ စသူတို့က) ကျောင်းသူကျောင်းသားများကလည်း တတ်အားသလောက် ရေးပေးစေလိုပါတယ်။ Education Corner မှာတော့ US နဲ့ Singapore ကျောင်းတွေ အကြောင်းရေးထားပါတယ်။

သုတ၊ရသပိုင်းကို ဦးတည်မယ်၊ နည်းပညာပိုင်းအတွက် စာအုပ်သပ်သပ် ထုတဝ်ေမယ် ဆိုတဲ့ ကိစ္စကို ဆက်လက်ဆွေးနွေးကြဖို့ လိုမယ်ထင်ပါတယ်။ ၂ အုပ်ကွဲနေလို့ပါ။ တကယ်တော့ ကွဲသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီတစ်ကြိမ်မှာ sector ၂ ခုခွဲပြီး ထုတ်ဝေနိုင်ဖို့ အင်အားမရှိသေးတာ အမှန်ပါဘဲ. ဒီတော့ ဒီကိစ္စကို ဆက်လက်ဆွေးနွေးကြဖို့ အကြံပြုတိုက်တွန်းပါတယ်ခင်ဗျာ..

Read More...

Wednesday, March 28, 2007

မြန်မာဘလော့ဂ်ဂါ စာအုပ်အတွက် ရန်ပုံငွေကိစ္စ

(စိုးဇေယျထွန်း)

ဘလော့ဂ်ဂါ မိတ်ဆွေအပေါင်းတို့ ခင်ဗျား...

မြန်မာ ဘလော့ဂ်ဂါတွေရဲ့ စုစည်းညီညွှတ် မှုကြောင့် ကျွန်တော်တို့ရဲ့ ဘလော့ဂ် စာအုပ်လေးဟာ အခုဆိုရင် တော်တော်လေးကို ခရီးရောက်နေပါပြီ။ ဘုရင်နောင်ဖောင်ဖျက် ဆိုသလိုပဲ အခုဆိုရင် ပြည်တွင်း ဂျာနယ်တွေမှာ ဒီဘလော့ဂ်စာအုပ် သြဂုတ်လ အတွင်းမှာ ထွက်ပါမယ် ဆိုတဲ့ အကြောင်းကိုလည်း ထဲ့သွင်း ကြေငြာလိုက်ပါပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ ဒီစာအုပ်ကို ဘယ်လိုအခက်ခဲတွေ ရှိနေရှိနေ ကျော်ဖြတ်ဖို့ရာ တာဝန်ရှိလာပါပြီ။


စာအုပ်ကို သုတနဲ့ ရသ အတွက် အဓိကဦးတည်ပြီး ထုတ်ပါမယ်။ နည်းပညာပိုင်း ဆိုင်ရာများကတော့ ကွန်ပျူတာနှင့် အလှမ်းကွာဝေးနေ သေးတဲ့ လူအများစုအတွက် အသုံးတည့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘလော့ဂ်ဆိုတာ ဘာလဲ၊ ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာမျိုး တွေကိုတော့ သုတအနေနဲ့ ထည့်သွင်းသွားဖို့သင့်တော်ပါတယ်။ ဘလော့ဂ်ဂါများ ဆန္ဒရှိပါက နည်းပညာ ပိုင်းအတွက် သီးသန့် စာအုပ်ကို ထပ်မံ ထုတ်ဝေပါမယ်။

လောလော ဆယ်တော စာအုပ်လေးကို နာမည်ပေးပွဲ စနေပါပြီ မိတ်ဆွေလဲ www.myanmarbloggers.forum5.com ထဲက Lobby အောက်မှာ နာမည်လာရွေးပေးပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။

စာအုပ်မှာ အခုထိလိုအပ်နေတဲ့ စာမူကတော့ မြန်မာတွေ လက်လှမ်းမှီတဲ့ နိုင်ငံတကာက တက္ကသိုလ်တွေ ဖြစ်ပါတယ်။ ဒီစာမူကတော့ စုပေါင်းရေးရမှာပါ ဥပမာ စင်ကာပူမှာ နေတဲ့ လူက သူကျွမ်းကျင်တဲ့ စင်ကာပူကျောင်းကိုရေးမယ် အဲလိုပဲ ၾသစေတ်းလ်၊ ယူကေ၊ ကနေဒါ ယူအက်စ်အေ အစရှိ သဖြင့် ရေးပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံချင်ပါတယ်။

ရန်ပုံငွေကိုတော့ အရင်လို သုံးသောင်းဆိုတာမျိုး သတ်မှတ်ချက် မရှိတော့ပါဘူး။ သဒ္ဓါသလောက်ထည့်ကြပါ လုံးဝမထည့်ရင်လည်းရပါတယ်။ ပိုထည့်ရင်လဲ စိတ်ဆိုးလိမ့်မည် မဟုတ်ပါ။ လိုအပ်တဲ့ ငွေကိုတော့ အမာခံ ဘလော့ဂ်ဂါများက ၀ိုင်းဝန်း စိုက်ထုတ် ပံ့ပိုးပေးသွားကြမှာပါ။

ကျွန်တော်တို့ လောလောဆယ် စီစဉ်ထားတာကတော့ မြန်မာဘလော့ဂ်ဂါ အားလုံးရဲ့ ပို့စ်တွေကို စာအုပ်မှာ ထည့်ဖို့ပါ။ ဒါပေမယ့် တစ်ခုရှိတာက ဘလော့ဂ်ဂါအားလုံးပါအောင် လုပ်ရင် စာအုပ်က ထူသွားပါမယ်။ စာအုပ် ထူတာနဲ့အမျှ ပြန်ရောင်းတဲ့ ဈေးနှုန်းကလဲ ကြီးမြင့်သွားပါလိမ့်မယ်။ အဲဒါကို ကာမိအောင် တစ်ခုလုပ်လို့ရ နိုင်တာက ကြော်ငြာ ကောက်ခံခြင်းပါ။ အဲလို ကြော်ငြာ ကောက်ခံပြီးလုပ်ရင် စာအုပ်ထုတ်လုပ်မှု စရိတ်ကို ကာမိသွားပြီး စာအုပ်ကို ဈေးနှုန်းသက်သာစွာရောင်း ချနိုင်ပါတယ်။ သို့သော် ဒုတိယ ပုံနှိပ်ခြင်း ကဲ့သို့သော ကိစ္စများ ပေါ်လာရင် ပြသနာ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြော်ငြာရှင်က ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် ပိုက်ဆံ ထပ်မံပေးနိုင်ခြင်းရှိ မရှိဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါကြောင့် ဒီကိစ္စကိုတော့ သေချာစဉ်းစား ရပါမယ်။

စာမူဖောင်ပိတ်ရက်ကို မေလ ၁ ရက်နေ့လို့ အကြမ်းဖျင်းသတ်မှတ်လိုက်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘလော့ဂ်ဂါဒေးက သြဂုတ် ၃၁ ။ စာထွက်ဖို့ သင့်တော်တာက သြဂုတ်လ ပထမပတ်။ သြဂုတ်လ ပထပတ်မှာ စာအုပ်ထွက်နိုင်အောာင် မေလ ပထမပတ်မှာ စာပေစိစစ်ရေးတင်ရပါမယ်။ စာပေ စိစစ်ရေးက စောစောကျမှ ကျွန်တော်တို့ စာအုပ်ကို အချော အတွင်းအပြင် Layout Design ထိုင်ရာမှာ အမှားအယွင်းနည်းစွားနဲ့ အရည်သွေးကောင်းကောင်း ဖြစ်အောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။

စာအုပ်ဆိုဒ် ဘယ်လောက် စာမျက်နှာဘယ်လောက် ဆိုတာ အတိအကျ ပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စာအုပ်မှာ စာမူတွေ ဘယ်လောက်ပါ မလဲဆိုတာ အခုထိ မသိသေးလို့ပါ။ စာမူတွေ စုံစုံလင်လင်ရရင် ထပ်မံကြေငြာ သွားပါမယ်။

ဘယ်နေရာမှာ လှုမယ်ဆိုတာကိုတော့ စာအုပ်ထွက်ပြီးမှ ဘယ်နေရာတွေမှာ မိဘမဲ့ကလေး ကျောင်းတွေရှိတယ်။ ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် စာရင်းလုပ်ပေးပါမယ်။ အဲဒီတော့ မှာဘယ်နေရာမှာ လှုသင့်တယ်ဆိုတာ ဆုံးဖြတ်ကြတာပေါ့။

စာအုပ်ဖြစ် မြောက်ရေးအတွက် ကိုယ်စွမ်း ဥာဏ် စွမ်းရှိသရွေ့ ကြိုစား ဆောင်ရွက်ပေးနေတဲ့ ဘလော့ဂ်ဂါများနှင့် ကိုဇင်ကိုလတ်၊ ကိုရန်အောင်၊ ကိုကျော်ဇေယျ နဲ့ ကိုဝေယံလင်း တို့ကို အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ဖော်ပြလိုပါတယ်။

မိတ်ဆွေရဲ့ မတူညီတဲ့ အမြင်များနှင့် အကြံပြုချက်ကို စောင့်ကြိုနေပါတယ်ခင်ဗျာ…

Read More...

ဘလော့ဂ်အတွက် စာမူများလက်ခံခြင်း

(ရန်အောင်)

စာမူအသစ်တွေ တင်ပေးထားတယ်ဗျ. http://www.mmblogbook2.blogspot.com မှာ ရှိတယ်. အားရင် သွားဖတ်လိုက်ကြဦးနော်. စာရေးကောင်းတဲ့ Blogger တွေရဲ့ စာမူတွေကို စုစည်းဖော်ပြ ပေးထားတာ ဆိုတော့ ဖတ်ရတာ တန်ပါလိမ့်မယ်..

ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်လည်း စာမူတွေ ပို့ချင်သပဆိုရင် mmblogbook@gmail.com ကို ပို့ပေးနိုင်ပါတယ်. စာအုပ်ထုတ်ဝေဖို့ အစီအစဉ်က စတင်နေပါပြီ. ပိုက်ဆံတွေလည်း စတင်ကောက်ခံနေပါပြီ. တစ်ယောက်ကို ၃ သောင်းလောက်ထည့်ဝင်စေချင်ပေမယ့် လိုအပ်တဲ့ Amount မရရင်လည်း ပြဿနာ မဟုတ်သေးပါဘူး။ August Deadline မှာ ထွက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ. လိုအပ်တဲ့ ငွေကြေးပမာဏအတွက် ကျွန်တော်တို့ အမာခံ Blogger တစ်ချို့က ကိုယ့်အိတ်ထဲက ခဏစိုက်ပေးထားကြ ပါလိမ့်မယ်။ ကျွန်တော်အပါအ၀င် အမာခံ ၅ ယောက်ရှိပါတယ်။

ကျွန်တော်တို့က publisher ပုံစံမျိုးနေရာကနေ ယူသွားမှာပါ. ဒီတော့ ပိုက်ဆံကိစ္စထက် စာမူကိစ္စကို ပိုပြီး အာရုံစိုက်နေပါတယ်။ ဘယ်သူမဆို ရေးပို့နိုင်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရိုက်နှိပ်မှာ ဖြစ်တဲ့အတွက် ကိုယ့်စာမူကို ကိုယ့်ဘာသာကိုယ်ပဲ အရင်ဆုံး censor ဖြတ်စေချင်ပါတယ်. ပြီးတာနဲ့ ကျွန်တော်ဖော်ပြပေးထားတဲ့ email address ကို ပို့ပေးလိုက်ပါ။

မကြာခင် စာမူရွေးချယ်စိစစ်ရေးကို စတင်တော့မှာ ဖြစ်ပါတယ်။

Read More...