Monday, April 23, 2007

စာအုပ်နာမည်ရွေးချယ်ခြင်း


(အိမ့်ချမ်းမြေ့)

ကျွန်မတို့ နာမည်ရွေးကော်မတီဝင်တွေ (ကိုမင်းကျော်၊ ကိုမျက်လုံး၊ ကိုကျော်ဇေယျ၊ မမေဓာဝီ၊ မဂျစ်တူးနဲ့ ကျွန်မ) နောက်ဆုံးအမည် စကာတင်ရွေးပြီးကြပါပြီ။ ရွေးထားတဲ့အမည် ၉ခုက brainstorm လုပ်ထားတဲ့ အမည်များထဲမှ ကျွန်မတို့ကော်မတီဝင်များက သင့်တော်ရာ ထပ်ဆင့်ရွေးထားတဲ့ ၉ ခုဖြစ်ပါတယ်။ အဲဒီ ၉ခုကို မဲတင်ပြီး ဘလော့ဂါအားလုံးမဲပေးတဲ့ စနစ်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။

နာမည်စာရင်းကတော့

မြန်မာဘလော့ဂါရပ်ဝန်း
မြန်မာဘလော့ဂါဒေါ့ကွန်း
ဆုံမှတ်ထဲမှခံစားချက်များ
ဘလော့ဂါတို့၏ဘလော့စာများ
ဘလော့ဂ်မောင်မယ်စာပန်းခင်း
ကွန်ယက်ဖွဲ့မှတ်တမ်းများ
ယှက်ဖွဲ့ထားသောရာစုသစ်၏ရနံ့
ကိုယ်ရေးမှန်ကူကွက်များ
အနာဂတ်လှိုင်း၏ဆုံမှတ်များ

ကိုရန် vote ကိစ္စ စလို့ရပါပြီ.. ကျွန်မတော့ တယောက်တစ်မဲစီပဲ လုပ်သင့်ပါတယ်လို့ထင်တယ်။ ကျန်တဲ့သူများရဲ့သဘောထားလဲ သိပါရစေ။ လကုန်မှာ ဒီကိစ္စဖြတ်ချင်နေကြပြီ။

ကျေးဇူးတင်ခင်မင်လျှက်
အိမ့်ချမ်းမြေ့


No comments: